
လူတိုင်းတနေကုန်လန်းဆန်းတက်ကြွပြီး လုပ်ငန်းဆောင်တာများပြီးမြောက်နိုင်ရန်အတွက် ခန္ဓာကိုယ်၏ အတွင်းကလီစာများလည်ပတ်ကောင်းမွန်နေပြီး ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့ လိုအပ်ပါသည်။ အားအင်ပြည့်နေစေဖို့အတွက် အစားအစာများသည်အဓိကအားဖြည့်ပေးရပါသည်။ အစားအစာတိုင်းတွင်ကျန်းမာရေးနှင့် ညီညွတ်သောအာနိသင်များစွာရှိပြီး ထိုအစားအစာများထဲတွင် မန်ကျည်းသီးလည်းပါဝင်ပါသည်။ မန်ကျည်းသီးကို ဟင်းထဲတွင်ထည့်ချက်လေ့ရှိသလို ဖျော်ရည် ချဉ်ချဉ်လေးအဖြစ်လည်း သောက်သုံးကြပါသည်။ အလှအပအတွက်လည်း မန်ကျည်းသီးသည် ကောင်းကျိုးများစွာပေးပါသည်။ မန်ကျည်းသီးတွင် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် အစာခြေ စနစ်ကိုကောင်းမွန်စေပြီး အူလမ်းကြောင်းတစ်လျှောက်တွင်ရှိသော ကြွက်သားများကို ကြံ့ခိုင် ကောင်းမွန်စေပါသည်။ အစာကြေလွယ်အောင်စွမ်းဆောင်နိုင်သောကြောင့် ဝမ်းချုပ်ခြင်းမှကင်းဝေး စေကာ အပူကင်းသောကြောင့် ဝက်ခြံပေါက်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ နေရောင်ခြည်ထိမိပြီး အသားရေပျက်စီးခြောက်သွေ့နေလျှင် မန်ကျည်းသီးကိုစားသုံးပေးနိုင်သလို ပေါင်းတင်ရာတွင်လည်း အသုံးပြုနိုင်ပါသည်။ မန်ကျည်းသီးမှည့်လေးများကို ရေနွေးဖြင့်ခပ်ပျစ်ပျစ်လေးအရည်ဖျော်ကာ နနွင်းမှုန့်အနည်းငယ်ထည့်၍ အသားရေခြောက်သွေ့သောနေရာတွင် လိမ်းပေးမည်ဆိုပါက သိသိ သာသာကောင်းမွန်လာနိုင်ပါသည်။ အရွယ်မတိုင်ခင်မျက်နှာပေါ်တွင် အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ရန် မန်ကျည်းသီးရည်ကို ပျားရည်အနည်းငယ်ထည့်၍ မျက်နှာအနှံ့လိမ်းပေးမည်ဆိုပါက အရွယ်တင်နုပျိုလာစေပါသည်။ မန်ကျည်းသီးသည် ဝက်ခြံကုသရာတွင် အသုံးဝင်သောအသီး တစ်မျိုးဖြစ်သည်။ ဗီတာမင်စီနှင့်ဗီတာမင်အေပါဝင်သောကြောင့် ဝက်ခြံဖြစ်စေနိုင်သော ဘက်တီး ရီးယားများကို သေစေနိုင်ပြီး မန်ကျည်းသီးအနှစ်ခပ်ပျစ်ပျစ်လေးကို ဒိန်ချဉ်နှင့်ရောစပ်ပြီးဝက်ခြံရှိ သည့်နေရာတစ်ဝိုက်ကို လိမ်းပေးခြင်းဖြင့် သိသိသာသာပျောက်ကင်းစေနိုင်ပါသည်။ ထို့ကြောင့် အလှအပအတွက်များစွာအသုံးဝင်သော မန်ကျည်းသီးမှည့်များကို အကျိုးရှိရှိအသုံးပြုသင့်ပါသည်။
DOCA(မန္တလေး)
