
၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန (ရုံးချုပ်) နေပြည်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် သက်ပြည့်ပင်စင်ခံစားမည့် DDG အား နှုတ်ဆက်ဂုဏ်ပြုပွဲနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားသို့ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာန အမှုထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် အသိသတိဖြင့် နေထိုင်ကြရန် ဝန်ထမ်းကျင့် ဝတ်အပါး ၊ (၃၀)အား ခါးဝတ်ပုဆိုကဲ့သို့ မြဲမြန်စွာထိန်းသိမ်းကြရန် ဝန်ထမ်းများဖြစ်သည့် အတွက် ပါတီနိုင်ငံရေး ကင်းရှင်းစွာ နေထိုင်ကြရန်နှင့် ဝန်ကြီး/ ဒုဝန်ကြီးတို့၏ အရေးကြီးသည့် လမ်းညွန်အမှာစကား များပြောကြားခြင်း၊ ဝန်ထမ်းများအနေဖြင့် Online မေးခွန်းများ ဖြေဆိုကြရန် နှင့် Thursday Talk များ လစဉ်ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) တင်ပြချက်များ ဆွေးနွေးချက်များ ဆောင်ရွက်ခဲ့ပြီး သက်ပြည်ပင်စင်ခံစားမည့် DDG မှ နှုတ်ခွန်းဆက်စကားအနေဖြင့် မိမိ၏ ဇာတိ ဒေသများအကြောင်း ဝန်ထမ်းဘဝ၏ အတွေ့အကြုံများနှင့် အမှတ်တရစကားများ အနေဖြင့် ပုံပြင် နှင့် ဓမ္မစကားများဖြင့် မျှဝေပြီး ဝန်ထမ်းများအတွက် ဆုတောင်းစကားများ ပြောကြားခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး သက်ပြည့်ပင်စင်ခံစားမည့် DDG အား နှုတ်ဆက်လက်ဆောင်များပေးအပ်ပြီး သက်ပြည့်ပင်စင်ခံစားမည့် DDG အား နှုတ်ဆက် ဂုဏ်ပြုပွဲနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
