Main menu

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ Virtual ဖြင့်တက်ရောက်

Powered by Drupal

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်၊နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးခမ်လျန်စွမ်း ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းမှ အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးခြင်း၊ လုပ်ငန်း ရှင်တွေ့ဆုံခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ခြင်း တို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ သတင်းဆောင်းပါးရေးသားခြင်းကိုလည်း အရှိန် အဟုန်ဖြင့် ဆက်လက်ရေးသားကြစေလိုကြောင်း၊ ဝန်ထမ်းများအားလုံး ကျန်းမာရေးနှင့် လုံခြုံရေးအား အထူးဂရုစိုက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦးက ယခင်လအစည်းအဝေးဆုံဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးနှင့်ဆောင်ရွက်ရန် ကျန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးများမှ အလှည့်ကျမိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို (၁၅:၁၅)နာရီတွင်ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)