
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာပါရှိစေရေး အတွက် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန် တွင် မင်းဘူးမြို့ပေါ်ရှိ "ဆန်းသစ်"နှင့် "အောင်မြင်သူ" မုန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ စစ်ဆေးရာ ကိတ်မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် ကိတ်မုန့်များတွင် စားသုံးသူကာကွယ် ရေးကော်မရှင်၏ ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ခရိုင်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
