Main menu

၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလအတွင်း ဦးစားပေးကုန်စည်ဖြစ်သည့် ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တာဝန်ခံ ဒေါ်တင်တင်လှနှင့် ဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မကွေးမြို့၊ အထက(၁)လမ်း၊ ကန်သာရပ်ကွက်ရှိ သာလှ(စတိုးဆိုင်)သို့ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ပါဝင်မှုရှိ/မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် ရောင်းချနေသော ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများမှာ “MaMyPoKo My Baby” (၁)ခုတည်းနှင့် မနက်အထိသုံးဘောင်းဘီ၊ “Lovely Baby” diaper ၊ “Kumo Smile” diaper ၊ “Baby mild” ကလေးရေချိုးဆပ်ပြာရည်၊ “ဖန်းချင်း” ကလေးကိုယ်လိမ်းပေါင်ဒါတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံ၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့် ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့် ရေးသားဖော်ပြ ထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရောင်းချပေးရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)