Main menu

မြင်းခြံမြို့နယ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် (၆.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မြင်းခြံမြို့ အမှတ်(၁၃)ရပ်ကွက်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရေး၊ သင့်တင့်မျှတသော ဈေးနှုန်း များဖြင့်ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် ကွင်းဆင်းခဲ့ရာ အာမိုအပြာကျား (50 kg) တစ်အိတ်လျှင် (၁၉၇၀၀၀) ကျပ်၊ နိုက်ထရို ဖော့စကာ(50 kg) တစ်အိတ်လျှင်(၂၀၀၀၀၀)ကျပ်၊ ဖြိုးမောက်ပုလဲ(50kg )တစ်အိတ်လျှင် (၁၀၅၀၀၀)ကျပ်နှင့် ယူရီးယား(ထိုင်း) တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ် အရောင်းအဝယ်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့မှ သယ်ယူရောင်းချပါကြောင်းနှင့် ရန်ကုန်မြို့မှ သယ်ယူခအနေဖြင့် တစ်အိတ်လျှင် (၇၅၀၀)ကျပ် ရှိပြီး မန္တလေးမြို့မှ သယ်ယူခအနေဖြင့် (၅၀၀၀)ကျပ် ကျသင့်ပါကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)