Main menu

မအူပင်မြို့နယ်ရေလဲကလေး(အ-ထ-က)တွင် ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  (၁၀-၁၁-၂၀၂၅) ရက်နေ့ နံနက် (၉)  နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာ န၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ရေလဲကလေး အ.ထ.က  ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးအရောင်းဆိုင်များသို့ သွားရောက်၍ မုန့်ဈေးတန်းရှိ ရောင်းချနေသော စားသောက်ကုန်များ တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိမှု ရှိ/မရှိ နှင့် သက်ဆိုင်ရာ ခွင့်ပြုချက်များ ပါဝင်မှု ရှိမရှိ တို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

  အဆိုပါ စစ်ဆေးမှုတွင်  ကျောင်းသား/လူငယ်များ ကျန်းမာရေးအဟာရ စားသုံးမှုအတွက် ဘေး အန္တရာယ်ကင်းရှင်း ကျောင်းမုန့်ဈေးတန်း တွင်ရောင်းချသော ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်း မှု ရှိမရှိ ကိုစစ်ဆေးဆောင်ရွက်ရာ မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုး အစား အလိုက် ကုန်အညွှန်း အမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာ သာနှင့်ဖြစ်စေ ၊ မြန်မာ ဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆတ်သည့် ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA (ဧရာဝတီ)