
ဧရာဝတီတိုင်းဒေသကြိး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရေလဲကလေး အခြေခံပညာ အထက်တန်း ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ၁၀.၁၁.၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ သည်။
ဟောပြောပွဲတွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ လုပ်ငန်းစဉ်များအကြောင်းနှင့် အမည်၊ အဓိပ္ပာယ် ဖော်ပြချက်များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက် နစ်နာလျှင် တိုင်ကြားနိုင်မည့်နည်း လမ်းများ၊ အွန်လိုင်းစျေးရောင်းချမှုနှင့်ပတ်သက်၍ သုံးစွဲသူများသိရှိရမည့် အကြောင်းအရာများ၊ callcenter 1535 ခေါ်ဆိုမေးမြန်းနိုင်သည့် အကြောင်း ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဟောပြောပွဲကို ကျောင်းသား/ကျောင်းသူ ၂၃၀ ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေး များနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
