Main menu

တောင်သာမြို့ရှိ Online စနစ်ဖြင့်ရောင်းဝယ်သည့် အလှကုန်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်သည့်လုပ်ငန်းများအား ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သည့်အချက်အလက်များအပေါ်အခြေခံ၍ Mobile Application အသုံး ပြုလျက် မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများအား ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များ တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာ မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်သည့်လုပ်ငန်းဖြစ် သော ‘‘ဝိုင်းဝိုင်း’’ အလှကုန် လုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် ၂၉.၁၀. ၂၀၂၅ ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ ပါသည်။

          မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်တွင်လုပ်ငန်းအမှန်တကယ်ရှိခြင်း၊ လုပ်ငန်းတည်နေရာ မှန်ကန်မှုရှိခြင်း၊ လျှောက်ထားသည့်ကုန်စည်များမှန်ကန်မှုရှိခြင်း၊ လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ၍ ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သောအချက်အလက်များနှင့် ကိုက်ညီကြောင်း ၊ Mobile Application အသုံးပြု၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)