Main menu

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ Puma Power International Port Terminal ဆိပ်ကမ်းသို့ ရောက်ရှိ

Powered by Drupal

       ၉.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်း၊ လမ်းပန် ဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆန်းနိုင်၊ သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်လင်းထွေး၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းအောင်ကျော် တို့သည် Luex အမျိုးအစား၊ အနက်ရောင် ယာဉ်အမှတ် 3Q/ 8081  ယာဉ်ပါ ၁၀ စီး ဖြင့် ပြည်နယ်/ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၊ Puma Power International Port Terminal ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ရာ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ မုဒုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ အတွင်းရေးမှူး ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဦးနှင့် ဆိပ်ကမ်းတာဝန်ခံ ဦးညီညီထွေး တို့မှ ကြိုဆိုခဲ့ကြကြောင်း၊ ယင်းနောက် Zar Min Industry Co.,Ltd ဧည့်ခန်းမ၌ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ စက်သုံးဆီ သိုလှောင်ထားမှုနှင့် ဖြန်ဖြူပေးနေမှု အခြေအနေတို့အား မေးမြန်းရာ ဆိပ်ကမ်းတာဝန်ခံ ဦးညီညီထွေး မှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Myanmar Energy King (MEK) Co.,Ltd နှင့် Yar Zar Min Industry Co.,Ltd တို့မှ ပြည်နယ်အတွင်း လစဉ်အသုံးပြုရန် လိုအပ်သော စက်သုံးဆီများအား ပြည်ပ (ပင်လယ်ရေကြောင်း)မှ တင်သွင်းဖြန့်ဖြူး ရောင်းချနိုင်ရန်အတွက် Puma Power International Port Terminal ရှိ  ဆီလှောင်ကန်တွင် စက်သုံးဆီများ သိုလှောင်ထားရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး စက်သုံးဆီတင် ယာဉ်များ ရပ်နားနိုင်ရန်အတွက် ဆိပ်ကမ်းအနီးတွင် ကားဝင်နေရာတစ်ခု တည်ဆောက်ရန် လိုအပ်ကြောင်း တင်ပြခဲ့ရာ မွန်ပြည်ဝန်ကြီးချုပ်မှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းနောက် ပြည်နယ်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ချစ်မှ စက်သုံးဆီဆိုင်များသို့ စက်သုံးဆီရောင်းချမှု အခြေအနေတို့အား ရှင်းလင်း တင်ပြခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် က မွန်ပြည်နယ်အတွင်း ဆီပြတ်လပ်မှုမရှိစေရေးတွက် ဆီပန့်များ ထပ်တိုးသွားရန်နှင့် ဆီဖြန့်ဝေမှု ရပ်ဆိုင်းမသွားစေရန်လိုအပ်ကြောင်း၊ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက စက်သုံးဆီ ဆိုင်များကို စက်သုံးဆီများ အလှည့်ကျစနစ်ဖြင့် ရောင်းချ ပေးရန်တို့အား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

        ဆက်လက်၍ မွန်ပြည်ဝန်ကြီးချုပ်မှ နိုင်ငံတော်မှ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး စီစဥ်ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ဆီအပြည့်အဝရရှိရေး ဆောင်ရွက်လျက်ရှိပြီ ဆီပြတ်လပ်မှုမရှိစေရေး၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းသို့ စက်သုံးဆီရောက်ရှိစေရေးတို့အား လုပ်ဆောင်ပေးရန်၊ မွန်ပြည်နယ် အစိုးရအနေဖြင့် လုပ်ဆောင်ပေးနိုင်သည့်အရာများ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး မွန်ပြည်ဝန်ကြီးနျင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြိးများသည် Yar Zar Min Industry Co.,Ltd Puma Power International Port Terminal ရှိ  ဆီလှောင်ကန်တွင် စက်သုံးဆီများသိုလှောင်ထားရှိမှုနှင့် စက်သုံးဆီတင်သင်္ဘောမှ ဆီလှောင်ကန်သို့ ဆီဖြည့် သွင်းနေမှု၊ ဆီတင်ယာဉ်များ ဆီဖြည့်ပေးနေမှု အခြေအနေတို့အား လှည့်လည်

ကြည့်ရှု့ စစ်ဆေးခဲ့ပြီး ၀၉၅၀ အချိန် မော်လမြိုင်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

   DOCA (မွန်)