Main menu

ကျောက်ပန်းတောင်း မြို့နယ်ရှိ MyRO နှင့်ပတ်သက်၍ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း

Powered by Drupal

    မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံ အလုံး(၁၆)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (My RO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့် မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့်လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ သတ်မှတ်ရက်အတွင်း မပျက်မကွက်ရေးသွင်းနိုင်ရေးအတွက် မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၅:၃၀ နာရီအချိန်တွင် ကျောက်ပန်း တောင်းမြို့ သာယာအေးရပ်ကွက်ရှိ ‘‘ကျော်ကြား’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ကွင်းဆင်း၍ ညွှန်ကြား ချက်များအား သိရှိလိုက်နာစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် သက်တမ်းတိုးလျှောက်ထားမှုလုပ်ငန်းစဉ်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင် ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းရာတွင် အခက်အခဲများရှိပါက လာရောက်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိလျှင် စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)