
စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးဆောင်၍ မိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ ကျော်ကြား ဆန်ရောင်းဝယ်ရေးဆိုင်သို့ ၂၂.၁၀.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ကျော်ကြား ဆန်ပွဲရုံ ဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချ နေသော ဆန်အမျိုးအစားများမှာ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင်(၁၂၅၀၀၀)ကျပ်နှင့် ဖန်သီးသုခ(၂၄)ပြည်တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်များဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင်ဒေါ်ခင်မြင့်အားဈေးကွက်အတွင်းဆန်များပြတ်လပ်မှုမရှိစေရေး၊ဈေးနှုန်းများတည်ငြိမ်စေရေး၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရန်၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြစေရေးတို့အား ဆွေးနွေးပြောကြား ခဲ့ပါသည်။
DOCA (မန္တလေး)
