
စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့တွင် ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ အမှတ် ( ၃ ) ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ် ( ၃ ) ရပ်ကွက်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အဟာရဖြည့်စွက်စာအမျိုးမျိုးတွင် မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင် ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် ထားသိုသိမ်းဆည်းပုံနည်းလမ်းများအတိုင်း ထားသိုရောင်းချခြင်း ရှိ/မရှိများကို စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
