
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အိုးထိမ်းကုန်းအုပ်စု၊ (မူလွန်)အိုးထိမ်း ကုန်းကျောင်းတွင် (၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒု- ဦးစီးမှူးဒေါ်ဇင်မာချောစုကြည်မှ ကုန်အညွှန်းအမှတ်အသား (၈)ချက်နှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက (၁၅၃၅)ကို တိုင်ကြားနိုင်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ မူးယစ်ဆေးဝါးအကြောင်းနှင့် ကလေးအလုပ်သမားများအကြောင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်ကတိုင်းရင်းဆေးဝါးများဝယ်ယူရာတွင်ဆောင်ရန်၊ရှောင်ရန်များအကြောင်းကိုကျောင်းသား/သူ (၇၀)ဦး အား အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ပဲခူး)
