Main menu

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြည်ခရိုင်ရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

Powered by Drupal

                    စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း၌  ပြည်ခရိုင်တွင် နီလာလမ်းရှိ ဦးရန်အောင်၏ “STD” ဘတ္ထရီမိုးရေလုပ်ငန်း၊ မြို့မဈေး(၇)ရုံရှိ ဒေါ်နွယ်နွယ်လှိုင်၏ “ဒေါ်ကြိတ်” ဆီနှင့် ကုန်မျိုးစုံလုပ်ငန်း၊ မြို့မဈေး(၁)ရုံရှိ ဒေါ်ပန်ပန်၏ “တိုးတက်အောင်” ကုန်မျိုးစုံလုပ်ငန်း၊ မြို့မဈေးကြီး(၈)ရုံရှိ ဦးစိန်ဝင်း ၏ “စိန်ကမ္ဘာ”ဆီ၊ ငပိ၊ ငါးခြောက် ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ယွန်းတန်းရပ်ကွက်၊ ကြံခင်းတန်းလမ်းရှိ “ဒေါ်မွန်မွန်ကျော်” အထည်အလိပ်နှင့် ဆက်စပ် ပစ္စည်းလုပ်ငန်း၊ ယွန်းတန်းရပ်ကွက်ရှိ ဦးစန်းမြင့်၏ “သရဖူ” ပဲခွဲစက်လုပ်ငန်း၊ ပျော်ဘွယ်တန်းလမ်း၊ ယွန်းတန်းရပ်ကွက်ရှိ  ဦးသိန်းထိုက်ဦး၏ “MK”ဆီစက်လုပ်ငန်း သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်ဈေးရှေ့ရှိ ဦးဝင်းဌေး၏ “ပေါပြည့်ဝ” ဆန်ရောင်းဝယ်ရေး၊ ဦးဘိုစံ၏ “ဇူဇင်တိုး" ဆန်ရောင်းဝယ်ရေး၊ ဥသျှစ်ပင်ဒေသ လမ်းမတော်ရှိ ဒေါ်စိုးရီဦး၏ “ပင်ရွှေဦး”ဆန်ရောင်းဝယ်ရေး၊ ဥသျှစ်ပင်ရတနာပုံရပ်ကွက်ရှိ ဦးဝဏ္ဏထွန်း၏ “ဘရဏီ” စက်သုံးဆီဆိုင်၊ ပြည်တော်သာရပ်ကွက်ရှိ ဒေါ်ဇာခြည်စိုး၏ “တက်သစ်စ”ဆန်စက် လုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ်(၃)ရပ်ကွက်ရှိ ဒေါ်ညွန့်ညွန့်၏ ဆန်ရောင်းဝယ်ရေး လုပ်ငန်း၊ အမှ်(၅)ရပ်ကွက်ရှိ ဒေါ်အေးသန်း၊ဆန်စက်လုပ်ငန်းသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား များ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)