Main menu

 သာယာဝတီခရိုင်  My Ro တွင်ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လုပ်ငန်းများ                                                 ဆောင်ရွက်ပေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်အတွင်းရှိ ဆန်သိုလှောင်ရုံများအား မှတ်ပုံ တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိရာ စပါးတင်း(၂၅၀၀)နှင့်အထက်၊ ဆန်(၂၅) တန်နှင့် အထက်  သိုလှောင်ထားသည့်  ဆန်စပါး  သိုလှောင်ရုံများကို My RO တွင်မှတ်ပုံတင်နိုင်ရေး  ဆောင်ရွက် ပေးလျှက်ရှိရာ သာယာဝတီခရိုင်အနေဖြင့် ဆန်စပါးလုပ်ငန်းလုပ်ကိုင်သောဆန်ဆိုင်များ၊  ဆန်/စပါး သိုလှောင်ရုံ စုစုပေါင်း(၂၁၈) လုံးမှတ်ပုံတင်ထားရှိပြီးဖြစ်ပါသည်။

          သာယာဝတီခရိုင်အနေဖြင့် သိုလှောင်ရုံမှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်ပြီး ဖြစ်သည့် သိုလှောင်ရုံများကို သက်တမ်းတိုးခြင်းကို လုပ်ငန်းရှင်ကိုယ်တိုင်သက်တမ်းတိုးခြင်း၊သက်တမ်းတိုးရန်အခက်အခဲရှိသောဆန်/စပါးလုပ်ငန်းရှင်များကိုသာယာဝတီခရိုင်ဦးစီးမှူးရုံးနှင့်လက်ပံတန်းမြို့နယ်ရုံးတို့တွင်သက်တမ်းတိုးလုပ်ငန်းဆောင်ရွက်ပါသည်။လုပ်ငန်းရှင်များအနေဖြင့်  My RO Website ဖြစ်သာ www.myro.com.mm တွင်သက်တမ်းတိုးနိုင်ကြောင်း၊သက်တမ်းတိုးရန်ကျန်ရှိနေသောသိုလှောင်ရုံများကို ဩဂုတ်လ(၁၂) ရက်နေ့ တွင်ဆန်စက်လုပ်ငန်းရှင်များအသင်းသို့  ထပ်မံပေးပို့ အကြောင်းကြားထားပြီးဖြစ်ပါကြောင်းနှင့်သိုလှောင်ရုံများသက်တမ်းတိုးခြင်းနှင့် မှတ်ပုံတင် ပေးခြင်းလုပ်ငန်းများလုပ်ဆောင်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)