
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်ရှိ တောင်သူများသည် မိုးစပါးများရိတ် သိမ်းပြီးသည်နှင့် ပန်ဂေါ်ဖီ၊ငရုတ်၊ရုံပတီသီး၊ခရမ်းကဲ့သို့ အသီးအနှံများအား စိုက်ပျိုးလျက်ရှိရာ အုတ်ဖိုမြို့နယ်စားသုံးသူရေးရာ မြို့နယ်တာဝန်ခံရုံးမှ သွားရောက်ကွင်းဆင်းတွေ့ဆုံခဲ့ပါသည်။
လင်းလွန်းပင်ကျေးရွာရှိ ပန်းဂေါ်ဖီစိုက် တောင်သူ(၃)ဦး၊ဥတိုကျေးရွာနှင့် ခြောက်တင်းကွင်း ကျေးရွာရှိ တောင်သူနှစ်ဦးနှင့် တွေ့ဆုံဆွေးနွေးရာတွင် တောင်သူများ၏ ပြောကြားချက်အရ ယခုနှစ် သည်ရာသီဥတုအခြေအနေအရ မိုးများသဖြင့် ပျိုးပင်အချို့ပျက်စီးခြင်း၊မြေယာပြုပြင်စားရိတ်ပို၍ ကုန်ကျမှုမျိုးနှင့် ကြုံတွေ့ရသော်လည်း ဈေးကောင်းရသဖြင့် အကျိုးအမြတ်သင့်တင်ပါကြောင်း စိုက်ပျိုးစားရိတ်စုစုပေါင်းကုန်ကျမှုမှာ တဧကလျှင် လေးဆယ့်နှစ်သိန်းမှ လေးဆယ့်ရှစ်သိန်း အထိရှိပြီး အကျိုးအမြတ်အနေဖြင့် တဧကလျှင် ကျပ်သိန်း၉၀ကျော်ရရှိနိုင်ကြောင်း ရန်ကုန်နှင့် မြို့တွင်းဈေးကွက်သို့အဓိက ရောင်းချပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
