Main menu

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ အောက်တိုဘာလတွင် စားသုံးသူအသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

 စစ်ကိုင်တိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးနှင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက် စားသုံးသူကာကွယ်ရေးဆိုင်ရာ   အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူ ပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရန် စားသုံးသူများ ရသင့်ရထိုက်သည့်အခွင့်အရေးများ၊ စားသုံးသူ အကျိုးစီးပွား နစ်နာဆုံးရှုံးများ တိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား အလေးထားဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးတွင် အွန်လိုင်းအသုံးပြု၍ဖွင့်လှစ်သော စားသုံးသူရေးရာသင်တန်း(၁)ကြိမ်ဖွင့်လှစ်ခြင်း၊ မုံရွာမြို့၊ စက်မှုဇုန် ရပ်ရှိ “‌ရွှေနှင်းဆီ”နှင့် “သလ္လာမွန်” ပဲခွဲစက်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း၊ မုံရွာမြို့၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်းတွင်ကျင်းပပြုလုပ်သည့်“သဘာဝဆိုးဆေးနှင့်  Eco.Printing”  သင်းတန်း၌  စားသုံးသူအသိပညာပေး‌ဟောပြောပွဲပြုလုပ်ခြင်း၊ မုံရွာမြို့၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင်ကျင်းပြုလုပ်သည့် မုန့်လုပ်နည်းပညာသင်တန်းတွင် အသိပညာပေး                        ဟောပြောပွဲပြုလုပ်ခြင်း၊ မုံရွာမြို့၊ အလုံ အ.ထ.က (၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း၊ မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး DICA ခန်းမတွင် ကျင်းပပြုလုပ်သည့် (၄/၂၀၂၅) ကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့၊ မင်္ဂလာ ဥယျာဥ်ရပ်ကွက်ရှိ အမှတ်(၁၅) အ.မ.က(၁၅)တွင် အသိပညာပေးဟောပြောခြင်း၊ ကလေးခရိုင်၊ ကလေးဝမြို့ အမှတ်(၁)ရပ်ကွက်ရှိ ရေသန့်လုပ်ငန်းရှင်များအသင်းအားလည်းကောင်း၊ ကန့်ဘလူ ခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကန့်ဘလူမြို့၊ အ.ထ.က(ခွဲ)‌ညောင်အိုင်ကျောင်းတွင် လည်းကောင်း၊ ကန့်ဘလူမြို့၊ ကျီကုန်းစံပြကျေးရွာ၊ (အ.လ.က)ကျောင်းတွင် လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံး အနေဖြင့် မုံရွာမြို့၊ ဒေါနခြံရပ်ကွက် ရက်ကန်းနှင့်သက်မွေးသင်တန်းကျောင်းတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ရှိ “ရွှေကြိုးကြာ” ပဲမှုန့်ကြိတ်စက်တွင် အသိပညာပေးဟောပြောခြင်း၊ စစ်ကိုင်းမြို့၊ စက်မှုဇုန်၊ နီလာရပ်ရှိ “747” ခေါက်ဆွဲစက်တွင် အသိပညာ ပေးဟောပြောခြင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ “ရွှေကြိုးကြာ” ခေါက်ဆွဲစက်တွင် အသိပညာပေး ဟောပြောခြင်း၊စစ်ကိုင်းမြို့၊  ပါရမီရပ်ကွက်ရှိ ”စိန်ကြည်”‌ခေါက်ဆွဲစက်ရုံတွင်လည်ကောင်း၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ စက်မှုဇုန်ခန်းမတွင် ဆန်ရွေးစက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည် များအား အသိပညာပေးဟောပြောခြင်း စုစုပေါင်း (၁၄)ကြိမ်နှင့်၂၀၂၅ခုနှစ်၊ အောက်တိုဘာလ အတွင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြား နိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

          လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့်(၃)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ(၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံးအနေဖြင့်(၃)ကြိမ်၊  မုံရွာခရိုင်ဦးစီး မှူးရုံးမှ(၃)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄) ကြိမ်၊ စုစုပေါင်း(၂၃)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာ ပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင် များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)