Main menu

ဒေါ်ရွှေမုန့်ဟင်းခါးဖိုလုပ်ငန်းသို့MSMEလုပ်ငန်းဖွံ့ဖြိုးရေးကွင်းဆင်း

Powered by Drupal

   ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ၀န်ထမ်းများ နှင့်အမှတ်(၁)ရပ်ကွက်ရှိ ဒေါ်ရွှေမုန့်ဟင်းခါးဖိုလုပ်ငန်းသို့၂၀၂၅ခုနှစ်၊အောက်တိုဘာလ၂၅ရက်နေ့၊နံနက် (၁၀:၃၀)နာရီအချိန်တွင် MSME လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
     ထိုသို့ကွင်းဆင်းရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးမှလုပ်ငန်းတာ၀န်ခံ ကိုသန့်ဇင်မျိုးနှင့် တွေဆုံပြီးလုပ်ငန်းနှင့် ပတ်သက်ပြီးဆွေးနွေးမေးမြန်းခဲ့ရာ လုပ်ငန်းတာ၀န်ခံမှမိမိတို့ မုန့်ဟင်းခါးဖိုလုပ်ငန်းအနေဖြင့် တစ်နေ့လျှင်ပိဿာချိန်၁၅၀/၂၀၀ ထုတ်လုပ်နိုင်ပြီး၊ တစ်နေ့လျှင် ဆန်၄အိတ်/၅အိတ်ကုန်ကြောင်းနှင့် ဆန်တစ်အိတ်လျှင် ပိဿာချိန်၄၀မှ၅၀ထွက်ရှိကြောင်းနှင့် မုန့်ဟင်းခါးတစ်ပိဿာရောင်းဈေးအနေဖြင့် တစ်ပိဿာလျှင်၂၅၀၀ကျပ်ဖြင့် ရောင်းချ‌ပြီး လုပ်သားအနေဖြင့်၆ဦး နှင့်လည်ပတ်လျက်ရှိကြောင်း၊ လစာနှုန်းထားအနေဖြင့် တစ်လလျှင် စားရိတ်ငြိမ်း၂၀၀၀၀၀ ကျပ်အထိ ပေးကြောင်းပြောကြားခဲ့ပြီးဒု-ခရိုင်ဦးစီးမှူးမှလိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)