
တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်ကို မော်လမြိုင်မြို့၊ မဟာမြတ်မုနိဘုရားဝင်းအတွင်း၌ ၃.၁၁.၂၀၂၅ ရက်မှ ၅.၁၁.၂၀၂၅ ရက်ထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဆန်၊ ဆီ၊ ကြက်သွန်နီများအား ဆိုင်ခန်းဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရှိရသည်။
အဆိုပါဈေးရောင်းပွဲတော်၌ ဆိုင်ခန်းပေါင်း (၃၆) ဖွင့်လှစ်ရောင်းချခဲ့ကြပြီး ဒေသထွက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နီများ၊ ငါးခြောက်များ၊ ကြက်ဥ၊ ဘဲဥ၊ ရိုးရာအဝတ်အထည်များ၊ ဆပ်ပြာ၊ အလှကုန်၊ မုန့်မျိုးစုံနှင့် စားသောက်ကုန်များ၊ သစ်သားပန်းပုရုပ်များ၊ သစ်သီးဝလံများ၊ သဘာဝမြေဩဇာများ ရောင်းချခဲ့ရာ လာရောက်ဝယ်ယူသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)
