Main menu

ဒေးဒရဲမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ဖျာပုံခရိုင်၊‌     ဒေးဒရဲစားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံဦးသိန်းမောင်သည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၂၅ရက်နေ့၊    နေ့လည်၁၂:၀၀နာရီအချိန်တွင် ဒေးဒရဲမြို့နယ်      ဆီကိုယ်စားလှယ်၏ ရန်ကုန်မြို့ရှိစားအုန်းဆီကုမ္ပဏီမှခွဲတမ်းရစားသုံးဆီ(၂၁)ပေပါ (သို့) (၂၃၁၀)ပိဿာရောက်ရှိမှုအားကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။
      ထိုသို့ကွင်းဆင်းခဲ့ရာတွင်   ဒေးဒရဲမြို့နယ် ဆီကိုယ်စားလှယ်ကခွဲတမ်းရရှိသော  စားအုန်းဆီများကိုရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့်၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင် များသို့ဖြန့်ခွဲရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ  စားသုံးသူပြည်သူများသို့၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်းခွဲတမ်းရရှိသောစားအုန်းဆီလက်လီ/လက္ကားကိုယ်စားလှယ်ထံမှသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)