
ဧရာ၀တီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်အတွင်းရှိကျေးရွာများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျထုတ်ပေးခြင်းအားယနေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ဆောင်ရွက်ခဲ့ပါသည်။
ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်အထက်ဌာနများ၏လမ်းညွှန်ချက်များနှင့်အညီ စားအုန်းဆီများ ပြည်သူများလက်၀ယ်မှန်ကန်စွာ ရရှိစေရေးကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာမြို့ပေါ် ရပ်ကွက်များအား ဆီထုတ်ယူခွင့်စာအုပ်များ ထုတ်ပေးပြီးဆီများကို လက်လီအရောင်းဆိုင်များမှစနစ် တကျရောင်းချပေးလျက်ရှိပါသည်။
ကျေးရွာနေပြည်သူများအားစားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့်စားအုန်းဆီများအသုံးပြုနိုင်စေရန် အုန်းပင်ကျေးရွာအုပ်ချုပ်ရေးမှူးထံ ဆီစာအုပ်များစနစ်တကျပေးအပ်ခဲ့ပြီး ကျန်ကျေးရွာများသို့လည်း ဆီစာအုပ်များစနစ်တကျ ထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပြီး စားအုန်းဆီထုတ်ယူခွင့်စာအုပ် များအား အုန်းပင်ကျေးရွာရှိ အိမ်ထောင်စု(၁၅၇၄)အား ဆီစာအုပ်(၁၅၇၄ )အုပ်ကျေးရွာ
ပြည်သူများသို့ စနစ်တကျပြန်လည်ထုတ်ပေးရန်နှင့် ဆီရောင်းချရာ၌ သတ်မှက်ချက်များနှင့်အညီ ရောင်းချနိုင်ရေးစားသုံးသူရေး ရာဦးစီးဌာန ဒေးဒရဲမြို့နယ်တာ၀န်ခံမှကျေးရွာအုပ်ချုပ်ရေးမှူးအား အသိပညာ ပေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
