
သင်္ဘောသီးကိုစားသည့်အခါမှာ သင်္ဘောအစေ့ကို အမြဲတမ်းလွှင့်ပြစ်လေ့ရှိပါသည်။သင်္ဘောစေ့အကျိုးကျေးဇူးတွေကိုသိပြီးရင်တော့ လွှင့်ပစ်တော့မှာမဟုတ်ဘူးလို့ တွေးမိပါသည်။ဘာလို့လည်းဆိုတော့ သင်္ဘောစေ့မှာရောဂါပေါင်းများစွာကို ကုသပေးနိုင်သည့် ဂုဏ်သတ္တိများစွာပါဝင်နေသောကြောင့် ဖြစ်ပါသည်။သင်္ဘောစေ့ရဲ ကျန်းမာရေးအကျိုးကျေးဇူးများမှာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကိုတားဆီး ပေးနိုင်ပြီး ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ ၊ သွေးကင်ဆာ ၊ ဆီးကြိတ်ကင်ဆာ နှင့် အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို သက်သာစေနိုင်ခြင်း၊ အစားအစာတွေထဲမှာ သင်္ဘောစေ့ ၅ စေ့ ၆စေ့လောက်ကိုရောပြီးစား ပေးခြင်းသည် အသည်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း ၊ ကျောက်ကပ်ဆိုင်ရာရောဂါတွေကိုကာ ကွယ်ပေးနိုင်ခြင်း၊ သင်္ဘောစေ့မှာရောင်ရမ်းမှုကိုသက်သာစေသည့်ဂုဏ်သတ္တိတွေပါဝင်ပြီး အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း ၊ ရောင်ရမ်းတာ ၊ အရိုးအဆစ်တွေနာကျင်တာတွေကိုသက်သာစေနိုင်ခြင်း၊ ဘက်တီး ရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်သည့် ဂုဏ်သတ္တိတွေပါဝင်သောကြောင့် သွေးလွန်တုပ်ကွေး ၊အူရောင်ငန်းဖျား စသည့်ရောဂါတွေကို အလွယ်တကူဝင်ရောက်ကူးစက်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ အစာချေစနစ်ကောင်းမွန်စေနိုင်ခြင်း ၊ မျက်စိအမြင်အာရုံ ကောင်းမွန်စေနိုင်ခြင်း ၊ အရေပြားချောမော လှပစေနိုင်ခြင်း ၊ ခန္ဓာကိုယ်ခုခံအားတက်စေနိုင်ခြင်း ၊ အနာကျက်မြန်စေနိုင်ခြင်း ၊ သွေးတိုးရောဂါ ဝေဒနာရှင်များ သွေးပေါင်ကျစေနိုင်ခြင်း ၊ သင်္ဘောစေ့ကို သဘာဝဆေးဝါးအဖြစ်စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်ကြောင်းကျန်းမာရေးဆိုင်အချက်အလက်များမှ စုစည်းရေးသားလိုက်ရပါသည်။
DOCA(မန္တလေး)
