
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်၌ မျှင်ငါးပိများ ဝယ်လိုအားကေင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်မှ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ ငပုတောမြို့နယ်၌ သြဂုတ်လဒုတိယပတ်မှစ၍ ဒေသထွက် မျှင်ငါးပိများ ဝယ်လိုအားကောင်းမွန်လာသဖြင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ တစ်ရက် လျှင် မျှင်ငါးပိ ပိဿာ ၄၅၀၀ မှ ၅၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။
" မျှင်ငါးပိတွေကဒေသတွင်းမှာ အရောင်းအဝယ်ကောင်းနေတာပါ။ မျှင်ငါးပိရောင်းဝယ် ရေး လုပ်ငန်းလုပ်ကိုင်သူတွေက ဒေသထွက်မျှင်ငါးပိတွေကို မှာယူတဲ့ဒေသတွေ အထိ ပို့ဆောင်ပေး တာပါ။ ဒေသထွက်မျှင်ငါးပိတွေက အရည်အသွေးကောင်းတော့ ဝယ်ယူမှုများတယ်။ အခုလိုအရောင်း အဝယ်တွေကောင်းလာတော့ ရေလုပ်ငန်းလုပ်ကိုင်သူတွေ၊ ကုန်သည်တွေ နဲ့အလုပ်သမား တွေ အဆင်ပြေလာပါတယ်" ဟု ငါးပိလုပ်ကိုင်ရောင်းချသူများထံမှ သိရှိရပါ သည်။
ငပုတောမြို့နယ်၌ ငါးပိရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည် ဒေသထွက်မျှင်ငါးပိ များကို တခြားဒေသများသို့ စနစ်တကျထုပ်ပိုး၍ တင်ပို့ရောင်းချကြောင်း၊ အဆိုပါမျှင်ငါးပိ များ အရောင်းအဝယ် ကောင်းလာသည့်အတွက် ရေလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်သည်များ၊ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများနှင့် လုပ်သားများ အဆင်ပြေလာကြောင်း သိရသည်။
DOCA(ဧရာဝတီ)
