Main menu

ကျောက်ပန်းတောင်းမြို့နယ်၏ ကင်ပွန်းချဉ်ဈေးနှုန်း

Powered by Drupal

      ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာပေါင်း(၃၉၉)ရွာရှိသည့်အနက်မှ ဆည်ပေါက်၊ ညောင်ကန်၊ အင်ချောင်း၊ ရေထွက်၊ ညောင်ဖြူပင်၊ လဲဂွ စသည့်ကျေးရွာများ၌ ကင်ပွန်းချဉ်ပင်ကို အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြပြီး ဒေသဈေးကွက်သို့ရောင်းချလျက်ရှိသလို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နှင့်ရေနံချောင်းမြို့နယ်များဘက်မှလည်း မှာယူပြီး မြို့မစည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိပါသည်။ အောက်တိုဘာလ ဒုတိယပတ်တွင် ကင်ပွန်းချဉ်တစ်ဆယ်ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ကင်ပွန်းချဉ်တစ်ဆယ်ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)