
ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင် ရုံများအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း (Myan-mar Rice Online- MyRO) စနစ်တွင် မှတ်ပုံတင်ရန် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာ ၄ ရက်မှစ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “Myanmar Rice Online - MyRO သိုလှောင်မှု မှတ်ပုံတင်တဲ့စနစ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စတင်ပြီး ဆောင်ရွက်ခဲ့ကြကြောင်း မအူပင်ခရိုင် ဒေသအသီးသီးမှ လုပ်ငန်းရှင်၊ လူပိုဂ္ဂိုလ်၊ ကုမ္ပဏီ၊ ဆန်စက်၊ သိုလှောင်ရုံ၊ ဆန်ဆိုင်ကြီးများမှ သိုလှောင်ရုံမှတ်ပုံတင်ခြင်း လုပ်ငန်းများဆောင်ရွက်ခာခဲ့ပြီး ၁နှစ်သက်တမ်းပြည့်မီသူများပါ သက်တမ်းတိုးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ မအူပင်ခရိုင်မှ သိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်း (၂၄၁) လုပ်ငန်းမှ မှတ်ပုံတင်ဆောင်ရွက်ခဲ့ကြပြီး သိုလှောင်ရုံ မှတ်ပုံတင်ရန် ကျန်ရှိသော လုပ်ငန်းများမှ မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် မအူပင်ခရိုင်ဦးစီး မှူးရုံးသို့ တင်ပြလာမှုအပေါ် ဌာနမှ မှတ်ပုံတင်ခြင်းနှင်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ကိုယ်တိုင် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လစဉ် သိုလှောင်ထားရှိမှု ဆန်/စပါး လက်ကျန် စာရင်းဖြည့်သွင့်မှုများကိုပါ ဆောင်ရွက်နိုင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
