Main menu

အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်တန်ကြေးရှိသာ အမေရိကန်ပဲပိစပ်များ တင်သွင်းတော့မည့် Meghna၊ City နှင့် Delta ကုမ္ပဏီ

Powered by Drupal

         ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်တန်း ပဲပိစပ်ကြိတ်ခွဲသည့် ကုမ္ပဏီသုံးခုဖြစ်သော Meghna Group၊ City Groupနှင့် Delta Agro တို့သည် လာမည့် တစ်နှစ်အတွင်းတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်တန်ကြေးရှိသော အမေရိကန်နိုင်ငံမှပဲပိစပ်များကို တင်သွင်းတော့မည်ဖြစ်ကြောင်း ဒါကာရှိ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရပါသည်။

       အဆိုပါသဘောတူညီချက်ကို ပြုလုပ်ခဲ့သော အမေရိကန်ပဲပိစပ်တင်ပို့ရေးကောင်စီ (USSEC)သည် အမေရိကန်နိုင်ငံမှ ပဲပိစပ်စိုက်ပျိုးသည့်တောင်သူများ၏ အကျိုးအတွက် ကိုယ်စားပြုနေသော အဖွဲ့အစည်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အရည်အသွေးပြည့်ကောင်းမွန်သော အမေရိကန်ထုတ်ကုန်များတင်ပို့နိုင်ရေးအတွက် အဆိုပါအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အမေရိကန်သံရုံးမှ Tracey Jacobson ဆိုသူက ၎င်းအနေဖြင့် အဆိုပါ သဘောတူညီမှုကိုကြိုဆိုကြောင်းနှင့် အမေရိကန်နိုင်ငံတင်ပို့မှုအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဓိက စျေးကွက်ဖြစ်နေကြောင်း ထောက်ပြခဲ့ပါသည်။

        ထို့အပြင် ၎င်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်နိုင်ငံမှပဲပိစပ်များကို တင်ပို့မှုအား အဆိုပါ သဘောတူညီမှု ပြုလုပ်အပြီးတွင် သုံးဆမြင့်တက်နိုင်ရန်မျှော်မှန်းကြောင်း မှတ်ချက်ပြုခဲ့ကြောင်း သိရှိရပါသည်။

Source: The Daily Star                                                                      

DOCA (ရန်ကုန်)