Main menu

ကန့်ဘလူခရိုင်၏ အောက်တိုဘာလအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှု

Powered by Drupal

       စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စား သုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်း(၁)ဦးသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ (အ.ထ.က)(ခွဲ)ညောင် အိုင်ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ ကျွန်းလှမြို့နယ် တာဝန်ခံ ဒေါ်ဝေဝေအောင်အနေဖြင့် ကျွန်းလှမြို့နယ် ၊ ကျီကုန်းစံပြကျေးရွာရှိ (အ.လ.က‌)ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ အသိပညာပေးဟောပြောပွဲ များဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုသေချာစိစစ်ကြရန် လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီး ဌာန၏ Facebook Page၊ DOCA Myanmar Mobile Application ၊ ဌာန၏ Website ၊ တိုင်းဒေ သကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့် (CICC)များကို လူကိုယ်တိုင်လာရောက်၍ လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍တိုင်ကြားနိုင်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ Online မှတဆင့် ဝယ်ယူရာတွင်လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ပြီး  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)