Main menu

ပဲပိစပ်ကိုယ်တိုင်ဖူလုံနိုင်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးပြောကြား

Powered by Drupal

          အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Sjafrie Sjamsoeddin က အစိုးရသည် ပဲပိစပ်ကိုယ်တိုင် ဖူလုံနိုင်ကြောင်း ကတိပြုခဲ့သည်ဟု ကြေညာခဲ့ကြောင်း သိရပါသည်။ Sjafrie က ရှေ့ဆက်၍ အင်ဒိုနီးရှားသည် ပဲပိစပ်တင်သွင်းမှုကိုမီခိုနေရန် မလိုအပ်‌တော့ပဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်မည်ဖြစ်ကြောင်း၊ Lampung ပြည်နယ်တွင် ပဲပိစပ်ရိတ်သိမ်းခဲ့ခြင်းသည် အင်ဒိုနီးရှား၏ အစားအစာဖူလုံမှုသမိုင်းတွင် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး အင်ဒိုနီးရှား ရေတပ်က ထိုအသွင်ကူးပြောင်းမှုတွင် ထိပ်တန်းအခန်းကဏ္ဍက ရပ်တည်နေကြောင်း၊ အင်ဒိုနီးရှားရေတပ်ကပိုင်ဆိုင်သည့် ၃၀ ဟတ်တာတွင် ပဲပိစပ်ခန့်မှန်း ၆၀ တန်ခန့်ရိတ်သိမ်းနိုင်ခဲ့ကြောင်းနှင့် ထိုအချက်သည် နိုင်ငံတော်ပဲပိစပ်ကိုယ်တိုင်ဖူလုံနိုင်ရေးပရိုဂရမ်၏ ကနဦးသက်သေဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပရိုဂရမ်သည် တင်သွင်းမှုများအပေါ်မီခိုနေရမှုများကိုလျှော့ချကာ လာမည့် ၂ နှစ်မှ ၃ နှစ်အတွင် အင်ဒိုနီးရှားကို ပဲပိစပ်တင်ပို့သူအဖြစ်အသွင်ကူးပြောင်းရန် ရည်ရွယ်ကြောင်း သိရပါသည်။ ဝန်ကြီးက အင်ဒိုနီးရှားတပ်မတော်သည် နိုင်ငံ၏အစားအစာဖူလုံရေးကို ပံ့ပိုးရာတွင် အဓိကအခန်းကဏ္ဍကရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားကြည်းတပ်သည် ဆန်ကိုယ်တိုင်ဖူလုံမှုကို အဓိကထားပြီး လေတပ်က နိုင်ငံတော်အစားအစာထုတ်လုပ်ခြင်းအတွက် မြေနေရာပံ့ပိုးပေးလိမ့်မည်ဟု သိရပါသည်။ Sjafrie က ၎င်းသည်ကြည်းတပ်ဦးစီးချုပ်အား ရေတပ်ပိုင်မြေနေရာများအား ပဲပိစပ်ကိုယ်တိုင် ဖူလုံနိုင်ရေးအတွက် နိုင်ငံတော်စင်တာအဖြစ်ပုံဖော် ရန်ညွှန်ကြားထားကြောင်းနှင့် ပြင်းထန်စွာလုပ်ကိုင်မှုနှင့် ကောင်းမွန်စွာစီစဉ်ထားသည့်စိုက်ပျိုးမှုတို့နှင့် အတူ အင်ဒိုနီးရှား၏ ပဲပိစပ်တင်ပို့သူဖြစ်လာရေးရည်မှန်းချက်သည် အောင်မြင်မှုရရှိနိုင် ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)