
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ကြီးကြပ်မှုဖြင့် မြိတ်ခရိုင်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းကုန် သည်များနှင့် လုပ်ငန်းရှင်များအား မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် မြိတ်ခရိုင် ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အခမ်းအနားတွင် မြိတ်ခရိုင်အတွင်း ဆေးဝါးများပြတ်လပ်မှုမရှိစေရေး၊ ဆေးနှင့်ဆေး ပစ္စည်းဈေးနှုန်းများကြီးမြင့်မှုမရှိစေရေး၊ တရားမဝင်ဆေးဝါးများ သိုလှောင်ဖြန့်ဖြူးမှုမရှိစေရေးတို့အတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ဒေသအတွင်း ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့်ရောင်းချနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းအခမ်းအနားကို နေ့လယ်(၁၁း၃၀)တွင် အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
