Main menu

မြိတ်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေး‌‌ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့သည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဆေးနှင့် ဆေးပစ္စည်းများစျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားပြည့်စုံစေရေးရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ဆေးစျေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးဆောင်ရွက်နိုင်ရန်၊ ဘေးအန္တရာယ်ကင်းသောထုတ်ကုန်များရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ဆေးဝါးများ‌ရောင်းချရန် စစ်ဆေးခဲ့ကြောင်း သတင်းရှိပါသည်။

DOCA(တနင်္သာရီ)