
ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (CCC) နှင့် Canada – ASEAN စီးပွားရေးကောင်စီ (CABC) တို့သည် နိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ခိုင်မာအောင်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူတွင် အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သောအစည်းအဝေးတွင် CCC ဥက္ကဌ Kith Meng နှင့် ကမ္ဘောဒီးယားအတွက် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ (ASEAN-BAC) ဥက္ကဌနှင့် CABC ဥက္ကဌဖြစ်သူ Wayne Farmer တို့အပြင် ကနေဒါ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့တို့နှင့်အတူ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Kith Meng က ကနေဒါနှင့် အာဆီယံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန် CABC ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးခဲ့ပြီး ကမ္ဘောဒီးယားတွင် လုပ်ငန်းလည်ပတ်နေသော ကနေဒါကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုအလားအလာကို မီးမောင်းထိုးပြနေကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Meng က ကမ္ဘောဒီးယားရှိ ကနေဒါကုမ္ပဏီများ၏ အောင်မြင်မှုသည် နိုင်ငံတကာရင်း နှီးမြှုပ်နှံသူများအတွက် ကမ္ဘောဒီးယား၏ တက်ကြွပြီး လျင်မြန်စွာကြီးထွားလာနေသော ဈေးကွက်၏ အလားလာကောင်းများကို သက်သေပြနေကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ကုန်သွယ်မှုကို ပိုမိုမြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် နှစ်နိုင်ငံစီးပွားရေး တိုးတက်မှုကို အထောက်အကူပြုရန်အတွက် CABC၊ CCC နှင့် Cambodia-ASEAN Business Council တို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေရန် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Meng က ကမ္ဘောဒီးယား၏ အာဆီယံ ဒေသတွင်း မဟာဗျူဟာမြောက် အားသာချက်များကို အလေးပေးပြောကြားခဲ့ပြီး ၎င်း၏ တည်နေရာအနေအထားနှင့် ကနေဒါရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် အဓိကအချက်များဖြစ်သည့် ကုန်သွယ်ရေး သဘောတူညီချက်များကို ကိုးကားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
Source : Khmer Times
DOCA (ရန်ကုန်)
