Main menu

ဗီယက်နမ်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်ရေးကို ၁.၅ ဆအထိပူပေါင်းတိုးမြင့်ရန် ရည်မှန်းထား

Powered by Drupal

           ဗီယက်နမ်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့သည် လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးကို ၁.၅ ဆ အထိ တိုးမြှင့်ရန်ကြိုးပမ်းသွားမည်ဟု သဘောတူညီခဲ့ကြောင်း ဒေသတွင်းသတင်း စာ VnEconomy က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

          အဆိုပါသဘောတူညီချက်ကို မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သော (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဖြစ်သော Nguyen Hong Dien နှင့် ကနေဒါ နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး Maninder Sidhu တို့တက်ရောက်ခဲ့ပြီး အစည်း အဝေးပြင်ပတွင် အောက်တိုဘာ ၂၇ ရက်နေ့က သီးခြားတွေ့ဆုံစဉ် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          နှစ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် စာချုပ်ကို အပြီးသတ်လက်မှတ်ရေးထိုးရန် ကတိပြခဲ့ပြီး ၎င်းသည် ဒေသတွင်း စီးပွားရေးကို ခိုင်မာစေရန်နှင့် ဈေးကွက်ဝင်ရောက်ခွင့်ကို လွယ်ကူချောမွေ့စေရန် အရေးပါသော ခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

          ဝန်ကြီးနှစ်ဦးသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီး စွမ်းအင်၊ အာကာသနှင့် နည်းပညာကဏ္ဍတို့တွင် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံတိုးချဲ့ရန် သဘောတူညီခဲ့ကျကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)