
၂၀၂၄-၂၀၂၅ ကောက်ရိတ်သိမ်းရာသီတွင် ဗီယက်နမ်သည် ကော်ဖီတင်ပို့မှုမှတစ်ဆင့် စံချိန်တင် အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံရရှိခဲ့ပြီး ယခင်ကောက်ရိတ်သိမ်းရာသီထက် ၆၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အောက်တိုဘာလအစောပိုင်းမှစ၍ နိုင်ငံသည် ၂၀၂၅-၂၀၂၆ ကောက်ရိတ်သိမ်းရာသီသို့ ဝင်ရောက်ခဲ့ပြီး ကော်ဖီဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ် ဒေါင် ၁၁၅၀၀၀ ပတ်လည်ရှိကာ ယခင်ရာသီထက် ဗီယက်နမ်ဒေါင် ၅၀၀၀ ခန့်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ဈေးကွက်တွင် နိုင်ငံ၏အဓိကပို့ကုန်ဖြစ်သည့် robusta ကော်ဖီမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀၀-၄၆၀၀ ကြားတွင်ရှိပြီး arabica ကော်ဖီမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၀၀၀ နီးပါးထိမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Eatu Fair Trade Agricultural Cooperative ၏ ဒါရိုက်တာဖြစ်သူ Tran Dinh Trang ကယခုရာသီတွင် တည်ငြိမ်သောဈေးနှုန်းများနှင့် အတူ စိုက်ပျိုးရေးသမားများ၏ဝင်ငွေနှင့် အကျိုးအမြတ်ရရှိမှု သိသာစွာမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Nga Thanh Trading Co,ltd ၏ ဒါရိုက်တာဖြစ်သူ Nguyen Duc Dat က များစွာသောစိုက်ပျိုးရေးသမားများသည် ကုန်လက်ကျန်များထားရှိပြီး မြင့်မားသောဈေးနှုန်းကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောနှစ်များအတွင် ကော်ဖီ၊ ဒူးရင်းနှင့် ငရုတ်ကောင်းတို့ထံမှ ဝင်ငွေရရှိမှုမြင့်တက်ခဲ့ခြင်းကြောင့် ဘဏ္ဍာရေးတည်ငြိမ်နေခြင်းက စိုက်ပျိုးရေးသမားများအား ရောင်းချရာတွင် ပိုမိုဗျူဟာမြောက်ချည်းကပ်နိုင်စေကြောင်း သိရပါသည်။ ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်း (VICOFA) ၏အဆိုအရ ဗီယက်နမ်သည် ၂၀၂၄-၂၀၂၅ ရာသီ တွင် ကော်ဖီတန်ချိန် ၁.၅ သန်းတင်ပို့ခဲ့ပြီး ၂၀၂၃-၂၀၂၄ ရာသီထက် ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ VICOFA ၏ ဥက္ကဌ Nguyen Nam Hai က ၂၀၂၅-၂၀၂၆ ရာသီကော်ဖီ အထွက်နှုန်းမှာ ယခုရာသီထက် ၁၀ ရာခိုင်နှုန်း မြင့်တက်ရန်ခန့်မှန်းရပြီး ဘရာဇီးနှင့် ကိုလံဘီယာ တို့မှ arabica ကော်ဖီဈေးနှုန်းများ မြင့်တက်လာခြင်းက ဗီယက်နမ် robusta ကော်ဖီဈေးနှုန်းများနှင့် ဝယ်လိုအားမြင့်တက်ရန် မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ကော်ဖီတင်ပို့သူနှင့် robusta ကော်ဖီထိပ်တန်းရောင်းချသူဖြစ်သော်လည်း တင်ပို့မှု၏ ၈၅ ရာခိုင်နှုန်းမှာ ကုန်ကြမ်းများဖြစ်ကြောင်း သိရပါသည်။ Hai က တင်ပို့မှုရည်မှန်းချက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရောက်ရှိရန်အတွက် ဗီယက်နမ်သည် ပြုပြင်ထုတ်လုပ်ခြင်း၊ အရည်အသွေးတိုးတက်ခြင်းနှင့် အမှတ်တံဆိပ်ပုံရိပ်တည်ထောင်ခြင်းတို့တွင် အဓိကထားသင့်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
