
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးအောင်ဇော်ဦးနှင့် ဝန်ထမ်း များသည် မအူပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မအူပင်မြို့နယ် စာရေးကုန်းကျောင်း၊ အမှတ် ၁ရပ်ကွက် သို့သွားရောက်၍(၂၅.၁၀.၂၀၂၅) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်(၈)ချက်၊ အခန်း (၁၈) ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူ သုံးစွဲ ရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား အလေးထားသတိပြုသင့်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံး မှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ခြင်းအကြောင်းကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနက အားကစား(၄)မျိုးအကြောင်းကို လည်းကောင်း၊ တိုင်းရင်းဆေးပညာဌာနမှ ကျောင်းသား/သူတို့၏ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းကိုလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများကို ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးခဲ့ပြီး၊ ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူ များက ပြန်လည်ဖြေ ကြားပြီး အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/သူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
DOCA(ဧရာဝတီ)
