
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ် တာဝန်ခံရုံးမှ တာဝန်ရှိသူတို့သည် ဓနုဖြူမြို့နယ် ၉ရပ်ကွက်၊ ရွှေသံဖြူစာသင်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်မူးယစ်အဖွဲ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာတို့နှင့်အတူ (၂၄၊၁၀၊၂၀၂၄) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီ အချိန်တွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ (၁၅၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူမှ မူးယစ်ဆေးဝါးအန္တရာယ် အသိညာ ပေးခြင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူမှ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ အခွင့်အရေး(၈)ချက်ဖြစ်သည့် စိတ်ကြိုက်ရွေးချယ်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်၊ မှန်ကန်သော သတင်းအချက်အလက်များရရှိခွင့်၊ အခြေခံလိုအပ်ချက်များအား စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများ နှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များ သိရှိလေ့လာနိုင်ခွင့်၊ ကျန်းမာသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နိုင်ခွင့်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့အား အသိပညာပေး ဟောပြောခဲ့ပြီး ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသား(၁၄၀)ဦး စုစုပေါင်း(၁၅၀)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
