Main menu

အုတ်ကျင်းကျေးရွာ  အ.မ.က ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူအခွင့်အရေး အကြောင်း သိကောင်းစရာဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၅.၁၀.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် အုတ်ကျင်းကျေးရွာ အ.မ.က  ကျောင်း၌ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေး နွေးပွဲပြုလုပ်ခဲ့ပါသည်။
          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့် အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အကြောင်းအရာ
များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား ကျောင်းသာ/ကျောင်း သူများ သိရှိနားလည်စေရန် ရှင်းလင်းပြောခြင်း၊ စားသုံးသူအခွင့် အရေးနစ်နာမှု ရှိလာပါက Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာ ကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တယ့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်း အရာတွေကို သိရှိလို သည််ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ် တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြား ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာ စောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)