
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၅.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံ အရောင်းဆိုင်များသို့ သောက်ရေသန့်ဘူးများပေါ်တွင် မြန်မာဘာသာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့ပါသည်။
အဆိုပါ ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များတွင် ရောင်းချနေသော Alpine ၊ Co Co ၊ Min Min ၊ Asia ၊ Green Hills သောက်ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိ/ မရှိနှင့် FDA ထောက်ခံချက်များ ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ FDA ထောက်ခံချက်နှင့် ကုန်အညွှန်း အမှတ်အသား ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များ အား ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချခြင်းမပြုကြရန် အသိပညာပေး ဆွေးနွေး ခဲ့ပြီး ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ပါ အတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA) ဧရာဝတီ
