
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် ဂရမ်းကျေးရွာအုပ်စု မြို့နယ်တာဝန်ခံ ရုံး၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီ အချိန်တွင် ဂရမ်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ် (၇၂၅) အုပ်အား ပေးအပ်ခဲ့ပါသည်။
ထို့နောက် မြို့နယ်တာဝန်ခံက ဆီစာအုပ်ပေးအပ်မှု ပက်သက်၍ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စားသုံးသူပြည်သူများလည်း သက်သာသော ဈေးနှုန်းဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းအတွက် ဆီစာအုပ်များ ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA) ဧရာဝတီ
