
ဖျာပုံခရိုင်အတွင်းမြို့နယ်အသီးသီးရှိ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည်၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးရမည့်ဦးစားပေးကုန်စည်ဖြစ်သည့်သောက်ရေသန့်အမျိုးမျိုးတို့အား မြို့ပေါ်ရပ်ကွက် ကုန်စုံဆိုင်များနှင့် မြို့မဈေးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင်( ၂.၁၀.၂၀၂၅ )နေ့၌ဒေးဒရဲမြို့နယ်တွင်လည်းကောင်း၊(၁၀.၁၀.၂၀၂၅)
နေ့၌ ဖျာပုံမြို့နယ်တွင်လည်းကောင်း၊(၂၂.၁၀.၂၀၂၅)နေ့၌ ကျိုက်လတ်မြို့နယ်နှင့် ဘိုကလေးမြို့နယ်တွင်
လည်းကောင်း သောက်ရေသန့် အမျိုးမျိုးတို့အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ
ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာ
ဖြင့် ဖော်ပြထားခြင်း ရှိ/မရှိအား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA) ဧရာဝတီ
