
ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက် နေ့၊နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ကျုံတာ ကျေးရွာအုပ်စု”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြား ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပြောကြားရာတွင် “ကျုံတာ” ကျေးရွာရှိ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေရေး၊ သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြား ခဲ့ကြောင်းပြီး “ကျုံတာ ကျေးရွာအုပ်စု”ရှိ စားသုံးဆီ ကော်မတီ အဖွဲ့ဝင်များအား လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရှိရရှိပါသည်။
DOCA(ဧရာဝတီ)
