Main menu

ဆင်ပေါင်ဝဲ၌ စားသုံးသူအသိပညာပေး ဟောပြောပွဲ (Talk Show) ပြုလုပ်ခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တာဝန်ခံသည် (၂၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူအသိပညာပေး ဟောပြောပွဲ (Talk Show)ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

  ဟောပြောပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံက စားသုံးသူမိဘပြည်သူများ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူရာတွင် သိရှိရမည့်အချက်များ အကြောင်း၊ အွန်လိုင်စနစ်ဖြင့် ရောင်းချရာတွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ်ရရှိပြီးမှသာ ရောင်းချစေရန်နှင့် အွန်လိုင်းတွင်ရောင်းချနေသော လုပ်ငန်းရှင်များ၏ တာဝန် များအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)