မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း အသင့်စားခေါက်ဆွဲခြောက်များ ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်မူရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အခြားဌာနတို့ ပူးပေါင်းကာ ဈေးကွက်အတွင်း ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းကို ၂၅-၁၀-၂၀၂၅ရက်နေ့ (၁၀)နာရီက မြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူ များပူးပေါင်းကာ ဓနုဖြူမြို့နယ် ရပ်ကွက် အသီးသီးရှိ စတိုးဆိုင်များသို့ သွားရောက်ကာ အသင့်စားခေါက်ဆွဲ ခြောက်များတွင် ကုန်အညွှန်းအမှတ်သားပြည့်စုံမှန်ကန်မူရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ရောင်းချနေသော ဆိုင်ရှင်များကို အခန်း(၁၈)ပုဒ်မ ၄၂ အရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သိပ္ပံနည်းကျ သုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေးအာဟာရဆိုင်ရာ အာမခံချက်များ ဖော်ပြနိုင်ထားသည့် ကုန်စည်များ၊ ပုဒ်မ ၄၃အရ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ကြောင်းကို ဥပဒေအရ လိုက်နာဆောင်ရွက် ထုတ်လုပ်ရမည်ဖြစ်၍ ဈေးကွက်အတွင်းရောင်းချသော လုပ်ငန်းရှင်များပါ မိမိရောင်းသော ကုန်စည်များတွင် ဖော်ပြပါအချက်နှင့် ကိုက်ညီသော ကုန်စည်များကိုရောင်းချရမည် ဖြစ်ကြောင်းကို အသိပညာပေး မှာကြားဆွေးနွေးခဲ့ကြောင်းသိရသည်။
DOCA(ဧရာဝတီ)
