
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Herat ပြည်နယ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ အရည်ကျိုစက်ရုံ ဒုတိယအဆင့်ကို အာဖဂန်အာဏာပိုင်များက အောက်တိုဘာ ၂၁ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း စီးပွားရေးဆိုင်ရာ ဒုတိယ၀န်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွင် စီးပွားရေးရေးရာ ဒုတိယ၀န်ကြီးချုပ် Mullah Abdul Ghani Baradar က အာဖဂန် အစိုးရသည် စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ကြီးမားသော ဓာတ်အားထုတ် လုပ်ရေး အစပျိုးမှုနှင့် လျှပ်စစ်ဓာတ်အား တင်သွင်းမှု ကြိုးပမ်းမှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံအများအပြားသည် အာဖဂန်နစ္စတန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်ဟု Baradar က ပြောကြားခဲ့သည်။ စက်ရုံ၏ တိုးချဲ့အဆင့်တွင် နေ့စဉ် သံတန်ချိန် ၅၀၀ ကို ကျိုချက် နိုင်စွမ်းရှိကြောင်း အဆိုပါရုံး၏ထုတ်ပြန်ချက်အရသိရသည်။
DOCA (ရန်ကုန်)
