Main menu

RCEP အမွေအနှစ် မဟာမိတ်အဖွဲ့သည် ပထမဆုံး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ ကို လက်မှတ်ရေးထိုးခဲ့

Powered by Drupal

            RCEP အဖွဲ့ဝင်နိုင်ငံများ ကမ္ဘာ့အမွေအနှစ် ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ (RCEP-WHCA) သည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များအကြား ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချုပ် (၅) ခုကို သောကြာနေ့တွင် လက်မှတ်ရေးထိုး ကြောင်း ကြေညာခဲ့သည်။ သဘောတူညီချက်များ၏ ပထမအသုတ်ပူးပေါင်းဆောင်ရွက်မှုအား တရုတ်နိုင်ငံအရှေ့ပိုင်း Anhui ပြည်နယ် Huangshan တွင် မဟာမိတ်အဖွဲ့၏ အဖွင့်အထွေထွေ ညီလာခံအတွင်း လက်မှတ်ရေးထိုးခဲ့ သည်။ မဟာမိတ်အဖွဲ့အား ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ခရီးသွားလာရေးကောင်စီနှင့် ပစိဖိတ် အာရှခရီးသွားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သည့် Huangshan ရှုခင်းသာတောင်သည် တရုတ်နိုင်ငံ အနောက်တောင် ပိုင်း Sichuan ပြည်နယ်ရှိ Huanglong ရှုခင်းသာဧရိယာနှင့် ဗီယက်နမ်နိုင်ငံ Ha Long ပင်လယ် အော်တို့ ပူးပေါင်းဆောင်ရွက်သည့် သဘောတူညီချက်များလည်း လက်မှတ်ရေးထိုးခဲ့သည်။ ဤ ပူးပေါင်းဆောင်ရွက်မှုရလဒ်များသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုများ အပြန် အလှန်သင်ယူမှုမြှင့်တင်ရာတွင် မဟာမိတ်အဖွဲ့၏ အခန်းကဏ္ဍကြီးထွားလာမှုကို သက်သေပြလျှက်ရှိ သည်။ ဗီယက်နမ်နိုင်ငံရှိ VTV International Tourism and Trading Joint Stock Company ၏ ဥက္ကဋ္ဌ Duong Van Quy က မိတ်ဖက်အဖွဲ့သည် အမွေအနှစ်နေရာ ကာကွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များတွင် အတွေ့အကြုံ မျှဝေခြင်းကို အားကောင်းစေမည်ဟု ပြောကြားခဲ့သည်။ အမှတ် တံဆိပ်တည်ဆောက်ခြင်းနှင့် အပြန်အလှန်ကူးသန်းခြင်းဆိုင်ရာ ရေရှည် ပူးပေါင်းဆောင်ရွက်မှု များ ဆောင်ရွက်ရန် နှစ်ဖက်စလုံးမှလည်း မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ RCEP-WHCA သည် တရုတ်နိုင်ငံရှိ အမွေအနှစ်နေရာအများအပြားနှင့် အခြားဒေသဆိုင်ရာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံ ဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့အပြင် RCEP အဖွဲ့ ဝင်နိုင်ငံပေါင်း ၁၇၀ ကျော်အကြား ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

DOCA (ရန်ကုန်)