Main menu

မလေးရှားနိုင်ငံ၏ ကားအသစ်ရောင်းအားသည် ၂၀၂၅ ခုနှစ် ၉ လတာအတွင်း ၅၇၉၃၃၆ စီးသို့ ကျဆင်းခဲ့

Powered by Drupal

     မ‌လေးရှားနိုင်ငံ၏ ကားအသစ်ရောင်းအားသည် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အစီးရေ ၅၇၉၃၃၆ စီးအထိ တစ်နှစ်ထက်တစ်နှစ် ၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း သိရပါသည်။ မလေးရှားနိုင်ငံမော်တော်ကားအသင်း (MAA) မှ စက်တင်ဘာလတွင် ကားအသစ် ရောင်းအားသည် တစ်နှစ်ထက်တစ်နှစ် ၀.၂ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း အောက်တို ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

          အများပြည်သူရုံးပိတ်ရက်များစွားရှိခြင်းနှင့် ၂၀၂၆ ခုနှစ် နိုင်ငံတော် ဘဏ္ဍာငွေစာရင်း ကြေညာ ချက်အပေါ် စောင့်ဆိုင်းကြည့်ရှုခြင်းဟူသော သဘောထားများကြောင့် စက်တင်ဘာလ တွင် လုပ်ငန်းခွင်စုစုပေါင်းပမာဏ (TIV) နည်းပါးသွားရခြင်းဖြစ်သည်ဟု ယုံကြည်ထားကြသည်။ MAA ၏ အဆိုအရ လုံးဝတပ်ဆင်ထားသော ဘက်ထရီလျှပ်စစ်ကားများ (BEV) အတွက် အခွန် ကင်းလွတ်ခွင့်များ သက်တမ်းတိုးခြင်းအပါအဝင် နှစ်ကုန်ပရိုမိုးရှင်းလှုပ်ရှားမှုများနှင့် အတူ ဝယ်လိုအားကိုတိုးမြှင့်အောင် မောင်းနှင်ခြင်းဖြင့် အောက်တိုဘာလ၏ ရောင်းအားသည် စက်တင်ဘာလ ရောင်းအားထက် ပိုမိုကောင်းမွန်လာမည်ဟု မျှော်မှန်းထားကြပါသည်။

DOCA (ရန်ကုန်)