Main menu

မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အသစ်ပြန်လည် ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးပွဲသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

    ၂၉.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ ပါသည်။ အဆိုပါအစည်းအဝေးသို့ အသင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းမှ အလုပ်အမှုဆောင်များ၊ ညီနောင် အသင်းဝင်များတက်ရောက်ခဲ့ကြသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများက အသင်းရွေးကောက်ပွဲဆောင်ရွက်မည့်အစီအစဉ်၊ ရန်ပုံငွေကိစ္စ၊ အသင်း၏ မြေနေရာကိစ္စ၊ အသင်းဝင်ကြေးသတ်မှတ်မည့်ကိစ္စ၊ အသင်း၏ အားသာချက် အားနည်းချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)