Main menu

မွန်ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကျင်းပ

Powered by Drupal

      ၂၄.၁၀.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ မွန်ပြည်နယ် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

    အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ် ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က ဆန်စပါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်း ခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော် က အမှာစာများဖတ်ကြားခြင်း၊ မွန်ပြည်နယ် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင် များက ဆွေးနွေးခဲ့ပြီး မွန်ပြည်နယ် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)