Main menu

ပခုက္ကူမြို့ပေါ်ရှိ “ရွှေထွန်း” မြေပဲပွဲရုံ/မြေပဲဆုံဆီလုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ပြည်တွင်း ဆီစက်/မြေပဲဆုံဆီ လုပ် ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိရာ (၂၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင်  “ရွှေထွန်းမြေပဲ ပွဲရုံ/မြေပဲဆုံဆီ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မြေပဲဆံနှင့် မြေပဲဆုံဆီ ဈေးနှုန်း/ ဈေးကွက်များ၊ ကြိတ်ခွဲထုတ်လုပ်မှုနှင့်  ရောင်းချမှုအခြေအနေများအား မေးမြန်းခဲ့ကြောင်း သိရှိရ ပါသည်။

          “ရွှေထွန်းမြေပဲပွဲရုံ/မြေပဲဆုံဆီလုပ်ငန်းသည် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ (၁၇)လမ်း တွင် တည်ရှိပြီး မြေပဲပွဲရုံနှင့် မြေပဲဆုံဆီလုပ်ငန်းကို လုပ်ကိုင်သည်မှာ  (၁၅)နှစ်ခန့်ရှိကြောင်း၊ မြေပဲ ဆံများကို ပခုက္ကူမြို့နယ် ချောက်ကန်နှင့် လက်ပကန်ကျေးရွာ၊ ညောင်ဦးမြို့နယ် ငါ့သရောက် အုပ်စုအတွင်းရှိ ကျေးရွာများမှ စိုက်တောင်သူများကိုယ်တိုင် လာရောက်ရောင်းချကြကြောင်း၊ မြေပဲ လုံးဆန် တစ်ပိဿာလျှင် ကျပ်(၇၇၀၀-၈၀၀၀) မြေပဲတောင့် တစ်ပိဿာလျှင် ကျပ်(၃၇၀၀-၃၉၀၀) ဖြင့် ပဲ၏ အရည်အသွေးပေါ်မူတည်၍ ဝယ်ယူရောင်းချကြောင်း၊ မြေပဲဆုံဆီကို ဆုံ()လုံးဖြင့် လည်ပတ်ပြီး  မီးမှန်လျှင် ()ဆုံ မှ ()ဆုံထိ ကြိတ်ခွဲနိုင်ကြောင်း၊  လုပ်သားဦးရေ(၁၀)ဦးရှိပြီး လုပ် အားခမှာ တစ်နေ့လျှင် အမျိုးသားတစ်ဦးလျှင် ကျပ်(၁၂၀၀၀) အမျိုးသမီးတစ်ဦးလျှင် ကျပ်(၈၀၀၀) ပေးရကြောင်း၊  မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၆၅၀၀)၊ မြေပဲဖတ် တစ်ပိဿာလျှင် ကျပ်(၄၉၀၀ - ၅၀၀၀) ဖြင့် ပြန်လည်ရောင်းချကြောင်း၊ ကြိတ်ခွဲချိန် ()ဆုံကို (:၀၀)နာရီ မှ (:၁၅)နာရီထိ အချိန်ကြာမြင့်ကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁၀)ပိဿာဆံ့ ပုံးဝါ တစ်ပုံးလျှင် ကျပ်(၁၅၀၀၀)ခန့် ရရှိကြောင်း၊ ယခုနှစ်သည် ယခင်နှစ်ထက် အရောင်းအဝယ်ပို၍ သွက်ကြောင်း မြေပဲပွဲရုံ/ဆုံဆီ လုပ်ငန်းရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)