
၃၀.၁၀.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထို ခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် အခြားမိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ယူရီးယားဓာတ်မြေဩဇာရောင်းချလျှက်ရှိသော အရောင်းဆိုင်များသို့ ရည်ညွှန်းဈေးအပေါ် ထိုက်သင့်သော အကျိုးအမြတ်ရယူ၍ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း ဓာတ်မြေဩဇာရောင်းချသည့်ဆိုင်များတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ယူရီးယားဓာတ်မြေဩဇာဝယ်ယူရောင်းချရေး ဦးဆောင် ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ နှင့်မသက်ဆိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ယူရီးယား(အလုံးကြီး)၊ Rock Phosphate အခြေခံ 15 ပတ်လည် Di-Arnmonnium Phosphate 50 ကီလိုတစ်အိတ်လျှင် သတ်မှတ်ထားသော ရန်ကုန်အထိုင်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင် စရိတ်၊ လုပ်သားခ၊ သိုလှောင်ထိန်းသိမ်းခနှင့် ထိုက်သင့်သော အကျိုးအမြတ်ရယူ၍ ရောင်းချ ပေးလျှက်ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)
